ChatGPD by OpenAI
ခုတလော အတော်လေး HiT ဖြစ်နေတဲ့ OpenAI ရဲ့ ChatGPD လေး စမ်းသုံးကြည့်ဖြစ်တယ်။အတော်လေးကို မိုက်တယ်။
ChatGPD
သုံးဖ်ို့ဆို https://chat.openai.com မှာ Google (or) MS outlook အကောင့်
တခု Sign-Up လုပ်ဖို့ပဲလိုပါတယ်။ေနာက် ဖုန်းနံပါတ် (+959........)
ရယ်ပေါ့ ။ free Sign-up ပါပဲ။
Current
(free) ကနေ Chat GPD +ကို UPGRADE ဆိုရင်တော့ per Montly $20 ကျမယ်။ Paid
Version မှာတော့ Available Demand ပိုမြင့်လာမယ်။ Respond Speed
ပိုမြန်လာမယ်ပေါ့လေ။ (Free Version မှာ သုံးတဲ့ Demand များနေလို့ Chat
Room မများရင်တော့ VPN နဲ့ Country တခုခုပြောင်းသုံးရင်
ပိုအဆင်ပြေတတ်ပါတယ်)
What is ChtGPD?
Elon
Musk ရဲ့ OpenAI ကနေ Develop လုပ်ဝားတဲ့ AI ဉာဏ်ရည်တု Language
တခုသာဖြစ်တယ်။ မေသမျှး မေးခွန်းတိုင်း နဲ့ imformation တိုင်းကို
Text/Based နဲ့ Response လုပ်ပေးတယ်။ ဆိုတော့ Google Search နဲ့ ဘာကွာလဲ ?
Open AI ကို စမ်းသုံးကြည့် ။ ဘယ်သူတွေနဲ့ ဘယ်နှစ်မှာ Founding လုပ်ခဲ့လဲ
ကျွန်တော်မပြောတော့ဘူး ChatGPD ကိုသာ မေးကြည့်လို့ ပြောချင်ပါတယ်။
ဘာတွေမေးလို့ရမလဲ?
စိတ်ဝင်စားရာ
အကြောင်းအရာ မေးကြည့်ပေါ့။ သေချာတာတခုက စာဖတ်သူနဲ့ ။ပြိုင်ငြင်းနေမှာ
မဟုတ်ဘူး။ Gender သာ ခွဲလို့ရရင် ChatGPT က ဝီးမန်း မဖြစ်တာတော့ သေချာတယ် ။
ကျွန်တော်တော့ ကဗျာ ရေးခိုင်းကြည့်တယ် ။ စာသားတွေက လုံးဝအနုအရွ ထွက်လာတယ်။
နောက်
Rayme BooK တခုရေးခိုင်းကြည့်တယ်။ BiGG-Y ရဲ့ Plato Revolution လောက်
မဟုတ်သေးပေမယ့် အတော်လေး Rhyme တွေ အချိတ်အဆက်မ်ိတယ်။နောက် Cool ဖြစ်တဲ့
Rap သီချင်းတပုဒ် ရေးခိုင်းတယ်။ Verse တွေ Chorus တွေ Bridge တွေ [Outro]
တွေ နဲ့ တပုဒ်ချင်းစီ ထွက်လာတယ်။ ဒါနဲ့ Hardcore Rap တပုဒ်ထပ်
ရေးခိုင်းကြည့်တယ်။
စာသားတွေက
အတော်လေး Hardcore ဖက်ရောက်လာတယ်။ ပိုပြီး Impress ဖြစ်စေတာကတော့ Eminem
ရဲ့ Lose Yourself Style Rap ကို ဖန်တီးခိုင်းလိုက်တာ စာသားတွေက Em
လိုဂေါ်နေပြီး အတော့်ကို မိုတီ ရစေတယ်။ ( WoW 😮 ပါပဲ) ဒါကြောင့်လည်း
Nivara ရဲ့ Drowned in the Sun လို AI ရေးထားတဲ့ သီချင်းတွေ ကောင်းနေတာ
မအံ့ဩတော့ပါဘူး။
ဒါနဲ့
မြန်မာလိုမေးလို့တော့ အဆင်မပြေသေးဘူး။ English လို Question လေး
နည်းပါးရရေးတတ်ရင် ရပါပီ။ အဖြေကတော့ Google Translate သုံးပြီး
ဖတ်ပစ်လိုက်တာပဲ ။ 😄
Voice Enginner အနေနဲ့ Job Interview မှာ ဘယ်လို မေးခွန်းတွေနဲ့ ကြုံရနိုင်လဲမေးကြည့်ဖြစ်တယ်။
Technical
နဲ့ Behavioral Questions ဆိုပြီး ၂ ပိုင်းခွဲပြီး အချက် ၁၀ ချက်နဲ့
ဖြေပေးတယ်။ လုံးဝ အလွင့်။ HTML , Python စတဲ့ Coding ပိုင်းတွေပါ
ရေးခိုင်းကြည့်တယ်တယ်။ Output တော့ အကုန်မှန်မမှန် ကျွန်တော်လည်း နား
မလည်ဘူး။ ပိုမိုက်တာက ထွက်လာတဲ့ Code ကို Copy Code ပါ ပေးလုပ်တယ်။ ကိုယ်က
အာ့အပိုင်းတွေနားလည်ပြီးသားကို ကိုယ့်ရဲ့ Assistant အနေနဲ့
အသုံးပြုကြည့်လို့ရနိုင်လောက်မယ်ထင်တယ်။
Stress
တွေ ဘယ်လိုဖြေရှင်းမလဲ စိတ်ပိုင်းဆိုင်ရာ မေးခွန်းတွေပါမေးကြည့်တယ်။
တချို့အဖြေတွေအတွက် ဆရာဝန်နဲ့တွေ့ဖု့် Suggest လုပ်တယ်။ တော်ရုံ
မေးခွန်းတွေက်ို တခြားသူ မသိစေချင်ရင် သူနဲ့ တိုင်ပင်ကြည့်လို့ရတာပေါ့။
ChatGPT
က မေးသမျှ မေးခွန်း အတော်များများကို 100 % ကြီးမဟုတ်တောင်
အတော်ပြီးပြည့်စုံအောင် ဖြေနိုင်တယ်။တချို့လည်း ကြိုက်သလို တချို့လည်း
မကောင်းတဲ့ဖက်မှာအသုံးချရင် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်အရမ်းများတဲ့
software အဖြစ်ဝေဖန်ထောက်ပြနေကြတယ်။ အဲ့တော့ ကောင်းတဲ့ဖက် အသုံးချဖို့
အကြံပေးလိုပါတယ်။ တကယ်သုံးတတ်ရင် Daily Life မှာ အတော် အသုံးဝင်မှာမို့
စမ်းသုံးကြည့်ဖို့ အကြံပေးရင်း အမှားပါခဲ့ရင်လည်း lil'Z လို Sorry
ပါလို့ပြောရင်း ဒီမှာတင် နားပါရစေခင်ဗျာ။
Author | Min Ko
