Thursday, April 21, 2022

🎬 Flip ပုံပြင်

▪️Huddle in a Box ဆိုတဲ့ တော်ကီတပေါက် နဲ့ Infocom (Amsterdam) မှာ ပြသွားခဲ့တဲ့ Samsung နဲ့ Cisco ရဲ့ Strategic Partnership Announce လုပ်သွားပုံလေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။

WebEx Flip
Whiteboard,Annotation,Presentation နဲ့ Video Conferencing ပိုင်းကို Focus ထားတဲ့ ဒီ Product ကို WebEx Flip ကို အမည်ပေးထားပြီး Samsung ရဲ့ Advanced Visual Screen Flip2 နဲ့ Cisco ရဲ့ WebEx room kit Series VC Endpoint တွေကို Huddle Space Video Conferencing တွေမှာသုံးဖို့ Integrate လုပ်ခဲ့တာပါ။
 

Samsung Flip
Tizen OS ကိုသုံးခဲ့တဲ့ Flip 1 မှာတုန်းကတော့ dual-sided Stylus နဲ့ ပွဲထုတ်ခဲ့ပြီး interactive Whiteboard တခုအနေနဲ့ပဲ ရှိခဲ့ပေမယ့် Flip 2 မှာတော့ Video Conferencing နဲ့ Digital Learning အတွက်ပါ ရည်ရွယ်ပြီး Cisco WebEx Room Kit Series တွေနဲ့ Innovate လုပ်ခဲ့ပါတယ်။
 

WebEx Board
Flip မတိုင်ခင်ကတည်းက WebEx Board ခေါ်တဲ့ All in one 55" 65" inches Whiteboarding Room System တွေရှိခဲ့ပေမယ့် Business ရဲ့ Demand နဲ့ Prizing တွေကြောင့် အသုံးနည်းခဲ့ပါတယ်။ WebFip ရဲ့ အဓိက အားသာချက်က စျေးသက်သာမှုရယ် Display ရဲ့ Touch က အရမ်းကိုပေါ့ပါးနေမှုပါပဲ။ Webex Board ရဲ့ Stylus က Marker Pen တချောင်းကိုင်သုံးနေရသလို ခံစားရပြီး WebEx Flip ကတော့ လုံးဝ Delay မရှိဘဲ စာရွက်အလွတ်တရွက်ပေါ်မှာ ခဲတံကိုင်ပြီး ကဗျာရေးနေရသလိုပါပဲ။ Flip ရဲ့ Stylus ကပိုပါးပြီး ပိုလည်းပေါ့ပါတယ်။ Oil Mode Feature ကတော့တော်တော်လေးဂေါ်ပြီး ဆီဆေး ပန်းချီတချပ်ကိုတောင် ပုံဖော်နိုင်ပါတယ်။


Let's Flip
WebEx Flip ကို Standalone Endpoint အနေနဲ့ သုံးရင်တော့ On Call VC လုပ်နေတဲ့အချိန် Whiteboard Sharing လုပ်လို့ရမှာ မဟုတ်ဘဲ တခြား လိုအပ်တဲ့ featureတွေလည်း အကုန်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် On prime ရဲ့ CUCM,VCS (သို့) WebEx Cloud တခုခုမှာ Registration လုပ်ရမှာပါ။ ။VC မလုပ်တဲ့အချိန်ဆို White boarding သုံးနိုင်ပြီး Wireless Presenation အတွက်လည်း တကယ်ကိုကောင်းမွန်ပြီး Smooth ဖြစ်ပါတယ်။ NFC feature ပါဝင်လို့ Android Phones,Tablets တွေနဲ့ Screen Sharing လုပ်နိုင်ပြီး Apple အတွက် Air Play ကို Support လုပ်တာကတော့ Cable type Presentation ကို မနှစ်သက်သူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။


Huddle In a Box
Immersive တွေကို တဖြည်းဖြည်းစွန့်ခွါလာတဲ့ Cisco အနေနဲ့ Display အပိုင်းမှာ ဆရာကျတဲ့ Samsung နဲ့ Partner လုပ်လိုက်ခြင်းက Collaboration အတွက် တကယ်ကို ကောင်းမွန်တဲ့ အတွဲအဖက်လို့မြင်မိတယ်။ Flip တွေဘယ်လောက်အတိုင်းအတာထိ ဆက်သွားမလဲဆိုတာ စောင့်ကြည့်ရင်းနဲ့ တခါတလေတော့ Technical မပါတဲ့ Technical အကြောင်းလေး ရေးမိတယ်ပေါ့ဗျာ။

Min Ko | Mo King

No comments:

Post a Comment

 ChatGPD by OpenAI ခုတလော အတော်လေး HiT ဖြစ်နေတဲ့ OpenAI ရဲ့ ChatGPD လေး စမ်းသုံးကြည့်ဖြစ်တယ်။အတော်လေးကို မိုက်တယ်။ ChatGPD သုံးဖ်ို့ဆို htt...