Live Streaming @ WebEx
▪️WebEx Meeting မှာ Host လုပ်ပြီး facebook မှာ Live လွှင့်တဲ့ Live Streaming Service ကို WebEx Version 33 (လွန်ခဲ့တဲ့ 4 နှစ်) လောက်က စမ်းခဲ့ဖူးပါတယ်။
ဒီနေ့ချိန်မှာတော့ facebook အပြင် YouTube,Twitter ,Workplace By Facebook,
Vbrick Rev,IBM Video Streaming စတဲ့ Third-Party Stream services တွေမှာပါ Live Streaming ရပြီ ဖြစ်ကြောင်း Cisco ကAnnounce လုပ်သွားပါတယ်။ပုံမှန်အားဖြင့် RTMT & Secure (RTMTs) Protocol ကိုသုံးတဲ့ ဘယ် Live Stream service ကိုမဆို Support လုပ်ပါတယ်။
Live Stream Service ကိုသုံးနိုင်ဖို့ Administrator က WebEx Control Hub ကနေ ဘယ် Services ကို သုံးမယ် ဆိုတာ ရွေးပေးထားဖို့လိုပါတယ်။
ဥပမာ.. facebook နဲ့ Live Stream သုံးမယ်ဆို ကိုယ်သုံးမယ် Facebook account နဲ့ Associateပေးထားရပါတယ်။ဒါဆို WebEx Host account မှာ Live Streaming ဆိုတဲ့ feature တခုတိုးလာပြီး Topic ရယ် friends,Publicဘယ်သူတွေကို Share ပြီး မြင်စေချင်တယ်ဆိုတာက်ိုပါ ရွေးပြီး Strem လုပ်လို့ရပါတယ်။ WebEx Meeting လုပ်ပြီဆိုတာနဲ့ facebook Account မှာ Live Streaming ပြနေမှာဖြစ်ပြီး facebook ကနေ like,comment,Share ပြန်လုပ်နိုင်ပါတယ်။
Stream လုပ်နေတဲ့ အချိ်န်မှာတော့ Security,Privacy နဲ့ Content retention ကို Stream Services ကနေ Control လုပ်ပါလိမ့်မယ်။တခုရှိတာက WebEx Paid Account သုံးသူနဲ့ Enterprise Trial Account ရှိသူတွေသာ ဒီ Stream services ကို သုံးခွင့်ပြုထားပါတယ်။ WebEx Meeting Center မှာသာ ရသေးပြီး WebEx Events မှာရဖို့လည်း သိပ်မဝေးတော့ပါဘူး။(you may use this feature right now)
live streaming ကြောင့်အကန့်အသတ် (Limited Participants) နဲ့သာ Join နိုင်တဲ့ Virtual Meeting တွေတခန်းရပ်သွားမှာ ဖြစ်ပြီး Public Services announcements,Webinars,Virtual Conferences,Educations စတဲ့ Communities တွေမှာသုံးဖို့အတွက် တကယ် ကောင်းမွန်တဲ့ services ဖြစ်လာမှာပါ။
Steve Jobs ပြောခဲ့တဲ့ That's Limitless ဆိုတာ ဒါများလား ............
Min Ko | Mo King
No comments:
Post a Comment