Thursday, April 21, 2022

💣 CMS နှင့် ကခုန်ခြင်း

Unified Communications လို့ပြောလိုက်ရင် Cisco နဲ့ အစချီရပါလိမ့်မယ်။ Cisco လို့ပြောလိုက်ရင်လည်း IT Networking နယ်ပယ်ကလူ တွေ မသိတဲ့သူ မသိသလောက်ကို ရှားပါလိမ့်မယ်။ Networking နဲ့ Cisco ခွဲလို့မရ လောက်အောင်ကို Cisco ရဲ့ Academic ပိုင်းက လည်း ကောင်းမွန်လှပါတယ်။ Cisco ရဲ့Certifications Track ဘက်မှာ ဆိုရင်လည်း Collaboration ပိုင်းထက် Routing Switching / Data Center / ISP ပိုင်းတွေကို အသ်ိများကြပါတယ်။

ကျွန်တော်တို့ဆီမှာ Collaboration အပိုင်းက်ို တော့ အတော်လည်း အသိနည်းကြသေးသလို လက်တွေ့အသုံးချမှု အပိုင်းမှာလည်း အားနည်းနေကြပါသေးပါတယ်။ Business Develop ဖြစ်တဲ့ Countries တွေမှာတော့ ဒီ Technologies တွေကို တွင်တွင်ကျယ်ကို သုံးနေခဲ့ကြတာ ကြာခဲ့ပါပြီ။ US Military မှာ ဆို စစ်သားတွေ ကို Collaboration Training တွေပါပေးပြီး တက်ရတဲ့အထိပါပဲ။ Cisco ကနေ သီးသန့် Military Version Series တွေရှိပါတယ်။

Cisco Collaboration ကလည်း Routing/Switching Data Center Certifications Track တွေလိုပဲ CCNA,CCNP,CCIE levelအထိ ဖြေလို့ရပါတယ်။UC ပိုင်းလုပ်တဲ့Engineer တွေကို UC Engineer ,UC Specialist ရယ်လို့ ခေါ်ပါတယ်။Certification Track တွေကိုတော့ အောက်ပါ link မှာလေ့လာနိုင်ပါတယ်။

https://www.facebook.com/101510481207094/posts/188529919171816/?d=n

ခုတော့ UC Engineer တစ်ယောက် အနေနဲ့ သိထားသင့်တဲ့ UC ရဲ့ eco system အကြောင်းလေး က်ို အနည်းငယ်ရှင်းပြပါရစေ။

What is Eco System of UC?

Market Research Company ဖြစ်တဲ့ Gartner 2018 Magic Quadrant တွေအရ Collaboration ပိုင်းမှာ ဘယ်လို Players တွေက Market ကို Leading လုပ်နေလဲ၊ ဘယ်လို Company တွေ ရဲ့ Products တွေက Challengers တွေ အနေနဲ့ ရပ်တည်နေလည်း လေ့လာ ကြည့်ရအောင်။

Application Layer firewall မှာဆို PA ( Palo Ato) & Check Point
Application Delivery Firewall မှာဆို F5, Ampaba & Citrix
Virtualization မှာဆို Vmware,Hyper V( Microsoft)
Wan Optimizations မှာဆို Riverbed အစရှိတဲ့ Companies တွေရှိနေကြသလို

Collaboration ပိုင်းမှာဆိုလည်း Market Leader တွေအနေနဲ့Cisco,Microsoft,Avaya တို့က Market ကို Lead လုပ်နေကြသလို
Huawei Company ကလည်း Challenger အနေနဲ့ ရပ်တည်နေသလို Niche Players တွေအနေနဲ့ NEC,ALE စတဲ့ Company တွေအသီးသီးရပ်တည် နေကြပါတယ်။

*ကျွန်တော့် အနေနဲ့ ကတော့ Vendor ကို Focus လုပ်ပြီး ပြောချင်တာမဟုတ်ပေမယ့် Cisco Products တွေ နဲ့ နေ့စဉ် အကျွမ်းတဝင် လုပ်နေရတာ ဖြစ်တဲ့ အပြင် UC fully Architecture ကလည်း Cisco မှာသာရှိတဲ့ အတွက် UC Market Leader ဖြစ်တဲ့ Cisco ရဲ့Products နဲ့ Architecture ပိုင်း တွေ ကို မဖြစ်မနေ Focus ထားပြီးး ပြောပြပေးသွားမှာပါ။

*********Architecture of Collaboration

Cisco Collaboration Architecture မှာ အဓိက အကျဆုံး Infrastructure ၃ မျိုး ရှိပါတယ်။

1- On-premise Conferencing
2- Cloud Conferencing
3- Hybrid Conferencing စတာတွေပါပဲ။

ဒီ Part -2 မှာတော့ Conferencing 3 ခု အကြောင်း Detail ပြောသွားမှာ မဟုတ်ဘဲ On -premise,Cloud & Hybrid Conferencing ဖြစ်လာဖို့ အတွက် အရေးပါတဲ့ နေရာမှာ ပါဝင်နေတဲ့ Acano | WebEx တ်ို့ရဲ့ သဘောတရားကို အခြေခံပြီး Collaboration Roadmap အကြောင်းလေးတွေရယ် Video Conferencing & Web Conferencing အကြောင်းကို Just in Knowledge အနေနဲ့ Sharing လုပ်သွားမှာပါ။

Collaboration UC နဲ့ ပတ်သက်လ်ု့ Knowledge ကောင်းတွေ ရသွားတာပေါ့။ ကဲ.. Ok ပြီဆို Collaboration အနုပညာတစ်ပုဒ် ကို အတူ ဖန်တီးလိုက်ကြရအောင်ဗျာ။

Let's Rock! Let's Collaboration!

**************************************
Acano သို့မဟုတ် Cisco Meeting Server
< Video Conferencing Architecture >

Acano ဆိုတာ On-premises infrastructure ကို Provide လုပ်တဲ့ နာမည်ကျော် Company တစ်ခုဖြစ်ပြီး On-primise မှာ အရမ်းကို Scalability ဖြစ်တဲ့ Techno ကို ပ်ိုင်ဆိုင်ထားသူပါ။ Acano Meeting Server က Hardware MCU တွေနေရာမှာ အစားထိုးလာတဲ့ Software MCU Server အမျိုးစား Software Sever အမျိုးအစား MCU ဖြစ်ပါတယ်။ Video Conferencing အတွက် အရမ်းကို Powerful ဖြစ်တဲ့ Sever ဆိုလည်း မမှားပါဘူး။ သူနဲ့အတူ သူရဲ့ ကိုယ်ပိုင် App ဖြစ်တဲ့ CMA လို့ခေါ်တဲ့ Cisco Meeting App နဲ့ တွဲသုံးနိုင်ပါတယ်။ (<အခုချိန်မှာတော့ On Prime အတွက် CMA ကို ဖယ်ရှားလာပြီးး Cisco Jabber ကိုသာ On prime ရဲ့ Product အဖြစ် အသက်သွင်း လာပါတယ် > Acano ရဲ့ အဓိက Competitor က Pexip ပါ။

What is MCU ?
MCU အကြောင်းတွေ ပြောပြလိုက်တော့ MCU ဆိုတာ ဘာလဲ သိချင်မှာပါ။
MCU ဆိုတာက Multi Conference Unit ဖြစ်တဲ့ Multi site conferencing ကိုခေါ်တာပါ။
ဒါတွေ သုံးတော့ ဘာတွေရမှာလဲ??

Telecom Company တစ်ခုပဲဆိုပါစို့- Branch Office တွေက Canada,Singapore,Myanmar တို့မှာ ရှိတယ်။ အဲ့ဒိမှာရှိတဲ့ Office တွေ အချင်းချင်း Meeting တွေ လုပ်ဖို့လိုပြီဆို အခုလို MCU အမျိုးအစား Sever တွေ Multi Conference တွေသုံးပြီး Conferencing တွေလုပ်နိုင်ပါတယ်။
Branches Offices မှာရှိတဲ့ Staffs တွေ CEO& MD တွေ အချင်းချင်း Meeting, Discussion
Conferences တွေ ကို Time Saving တွေ Cost Saving တွေ အဖြစ်ဆုံးနဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင် နိုင်မှာပါ။ Face 2 Face ကြည့်ပြောလိုရတဲ့ အတွက်ကြောင့်လည်း Eye Contact တွေ Smiles တွေကို ခံစားနိုင်မှာဖြစ်လို့ Relationships Goals ကိုလည်း ပိုမို အကျိုးဖြစ်ထွန်းစေမှာပါ။

အရေးပါတဲ့ NTP
Time Zone တွေကွဲပြားရာနေရာတွေ ကနေ Schedule Meeting လုပ်ကြတာဖြစ်လို့ အချိန်ဟာ အလွန်အရေးပါပါတယ်။ Date Time မှန်ဖို့ အတွက်ရယ် Call Monitoring တွေ Call log တွေအတွက်ဆို Network Time Protocol NTP ဟာ Conferencing မှာ အရေးအကြီးဆုံး တွေထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒါကြောင့် Cisco UC မှာ Time Scheduling ကို Manage လုပ်နိုင် တဲ့ Server တွေက အစ ရှိပါတယ်။ Ko Phyo CCIE ပြောတဲ့ အရေးကြီးတဲ့ အချိန် ပေါ့ဗျာ။

Two types of Multi Conferencing Unit

MCU နှစ်မျိုးရှိပါတယ်။
1- Hardware MCU
2-Software MCU

Hardware MCU တွေ ထုတ်တဲ့ နာမည်ကြီး Company တွေထဲက တစ်ခုကို ပြပါဆိုရင်တော့ Video Conferencing World မှာ ဆရာတဆူဖြ်ခဲ့တဲ့ Tandberg ဖြစ်ပါတယ်။ MCU သာမက Telepresence Video System တွေ ထုတ်လုပ်ရာမှာလည်း အင်မတန် နာမည်ကျော်ပါတယ်။ Voice Conference ဘက်မှာ နာမည်ရတဲ့ Polycom က လည်း RMX Series MCU တွေ ထုတ်လုပ်ပါတယ်။

အရေးပါတဲ့ Video Call Vs Video Conferencing (VC)
Video Call နဲ့ Video Conference က တူသယောင်နဲ့ ကွဲပြားပါတယ်။ Business အတွက်ကတော့ နှစ်မျိုးလုံးက အသုံးဝင်စေမှာပါ။

Video Call ဆိုတာက One to One video call meetimg ကိုဆိုလိုတာဖြစ်ပြီး

Video Conferencing ဆိုတာကနှစ်ဦး 2 ယောက်ထက်ပိုတဲ့ (၃ ယောက်က စ) Group Video Calling ကို ပြောတာပဲ ဖြစ်ပါတယ်။

****************************************

What is Web RTC?

WeB RTC ဆိုတာက Web Browser ကို သုံးပြီးး
Video Conferencing ၊Sharing တွေ လုပ်တာကို ဆိုလိုတာပါ။ PC ရဲ့ WebCam,Speaker နဲ့ Build in Microphone,Web Browser က သင့်ရဲ့ PC ကို Video Endpoint တစ်လုံး ဖြစ်စေမှာပါ။

********************************************

What is Endpoint?
Collaborations ရဲ့Conferencing System ဖြစ်တဲ့ IP Phones, Video Phones တွေအပြင် Video Conferecing လုပ်နိုင်တဲ့ (Camera,Codec,mic,Speakers) တွေ ပါဝင်တဲ့ Hardware Video System တစ်ခုကို Endpoint လို့ သုံးပါတယ်။Device Models ပေါ်မူတည်ပြီး ရတဲ့ Features တွေ ကွဲလွဲနိုင်ပါတယ်။ SX80 နဲ့ MX 700 တို့လို Model တွေမှာ Speakers Track System ပါ သုံးထားပါတယ်။Signaling Protocols အနေနဲ့ SIP,H.323 တို့ကိုသုံးပါတယ်။

What is Codec?
Codec ဆိုတာက Audio နဲ့ Video Call တွေကို Bandwidth Usage နည်းနိုင်သမျှ နည်းအောင် Compress - Decompress လုပ်ပေးနိုင်တဲ့ Compression Method ဖြစ်ပါတယ်။ Popular Codec : G7.11(64Kbps),G729(8Kbps)
H.264,H.264(SVC),H.265

What is Sip?
Session Initiation Session (SIP) ဟာ IETF (Internet Engineering Task Force) ကနေ Develop ကနေ Develop Pure IP Based Protocol လို့ဆိုနိုင်ပါတယ်။UDP နဲ့ TCP ကိုပါ Support လုပ်တဲ့ Signaling Protocol တစ်ခုပါ။

What is H.323?
Q.931 ကို Base လုပ်ထားတဲ့ protocol ဖြစ်တဲ့ H.323 ဟာ<ISDN Protocol Architecture H.320> ကနေ IP Network ပေါ်ကိုပေါင်းစည်း လာတဲ့ Signaling Protocol တစ်ခု ဖြစ်လာသလို Videoconferencing & VoIP ပိုင်းမှာ တွင်တွယ်ကျယ်ကျယ်သုံးပါတယ်။

Acano ကတော့ ဒီနေ့အချိန်မှာ Video Conferencing ကို On-premises မှာ Web Browser(WebRTC) ကော App ကနေပါမက Endpoint ကနေပါ Join လို့ ရတဲ့ တစ်ခုထဲသော Solution ရှိတဲ့ Product ပါ။

Jan 29,2016 မှာ Cisco က Acquisition လုပ်ပြီးကြောင်း Announce လုပ်ပြီးချိန်မှာတော့ Cisco Meeting Sever (CMS) လို့ခေါ်ပါတယ်။Video Meeting အတွက် ပြီးပြည့်စုံတဲ့ Sever ဖြစ်ပါတယ်။ Voip နဲ့ အတော်လေး ကွဲပြားတဲ့ Techo နဲ့ Builtup လုပ်ထားတာပါ။လိုအပ်တဲ့ Messaging,Recording Service တွေက အစ Google ရဲ့ Postman နဲ့ API မှာသီးသန့် Configuration လုပ်ရတာပါ။အရင် Edge Sever တွေအနေနဲ့ TURN,Stun စတဲ့ Sever အနေနဲ့ သုံးကြပေမယ့် ခုချိန်မှာတော့ (Firewall) Traversal Sever တွေဖြစ်တဲ့ Express,C Sever တွေကိုသာသုံးကြပါတယ်။Single Combine Sever,Split Server ထိုင်မလားကတော့ Network Design ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါ တယ်။

Mobile & Tablets အတွက် App ကနေ Join ရုံမက Video System တွေကပါ Join လို့ရပါတယ်။Acano ဟာ Cloud & Infra ကိုပေါင်:ပြီး Unified Communications UC ဖြစ်လာစေမယ့် Streagy Product ထဲက တစ်ခုပါ။ S4B ( Skype For Business ) နဲ့ Integration လုပ်ပြီး ခေါ်နိုင်တဲ့ Cisco ရဲ့ တစ်ခုတည်းသော On-Prime Server လည်း ဖြစ်ပါတယ်။Cisco ရဲ့ UCS Server ပေါ်တင်ပြီး Run ဖို့သီးသန့် Sever ဖြစ်တဲ့ Cisco Meeting Server ပါထုတ်ပေး လိုက်တော့ So.Amazing performances ပေါ့ဗျာ။ဒါဟာ UC on UCS ရယ်လို့ ဖြစ်လာစေတဲ့ အချက်ပါ။

Uni ထဲက Unified
Uni ရဲ့ အဓိပ္ပါယ်ကိုတော့ လူတိုင်း သိကြပြီးသားပါ။Uni means One ပါ။ Unified Communications ကိုတော့ Voice,Video Messaging တွေကို Anywhere,Any Device ကနေ Collaboration ဖြစ်အောင် လုပ်ဆောင်နိုင်ပြီး ကျွန်တော်တို့ကို Modern Workplace ကို ပို့ဆောင်ပေးတဲ့ ဆက်သွယ်မှု လို့ပဲဆိုပါရစေ။

👊Cisco Strategy is to drive video everywhere,delivering across the best experience across every endpoint,every screen,every workspace to every user.

ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းပြီးး အနုပညာဆန်လိုက်သလဲဗျာ။ ကျွန်တော့်အတွက်တော့ UC ဟာအရမ်းကို နှစ်လိုဖွယ်ကောင်းတဲ့ Technology တစ်ခု ပါပဲ။ ဘာလို့လဲ ဆိုတော့ UC ဟာ UC ဖြစ်နေလို့ပါပဲ။

Innovation
Creation
Revolution
That's Collaboration.

 Min Ko | Mo King

No comments:

Post a Comment

 ChatGPD by OpenAI ခုတလော အတော်လေး HiT ဖြစ်နေတဲ့ OpenAI ရဲ့ ChatGPD လေး စမ်းသုံးကြည့်ဖြစ်တယ်။အတော်လေးကို မိုက်တယ်။ ChatGPD သုံးဖ်ို့ဆို htt...