Butterfly Effect & WebEx
COVID19 ရဲ့ ပေါ့ဆလို့မရတဲ့ လက်ရှိအခြေအနေတွေကြောင့် Remote workers တွေ Work from Home တွေ လိုအပ်လာချိန်မှာ ကျွန်တော်တို့ Page မှ အသုံးဝင်မယ့် Webex Collaboration Tool လေးကြောင်း Sharing လုပ်ပါရစေ။
Webex ဆိုတာကတော့ Cisco ရဲ့ Product တခုဖြစ်ပြီး Web Conferencing( UcaaS)အမျိုးအစားထဲမှာ ပါဝင်ပါတယ်။
Cisco WebEx Meetings
Cisco WebEx Event
Cisco WebEx Training
Ciaco WebEx Support
Center လေးခုရှိပြီး ရနိုင်တဲ့ Meeting Center ရဲ့ features တွေနဲ့ အသုံးပြုပုံတွေကို အဓိက ရှင်းပြပေးသွားမှာပါ။latest version ကတော့ V.40.2.2.7 ဖြစ်ပါတယ်။
Web Conferencing
Ciaco WebEX ဟာ WeB RTC Base ဖြစ်ပြီး PC,Mobile,Tablet စတာတွေနဲ့ (4G ) Internet Access ရှိရုံနဲ့ on line Meeting နဲ့ Remote desktop အတွက် သုံးနိုင်ပါတယ်။
Mobile အတွက်တော့ WebEx application ကို Install လုပ်ထားဖ်ု့လိုပါတယ်။PC တွေအတွက် Re-commanded Browser တွေကတော့ Chrome,Firefox,MS IE edge (latest Version) တွေ ဖြစ်ပါတယ်။
FREE webex account
www.webex.com မှာ free acc acount လုပ်နိုင်ပြီးလက်ရှိ အချိန်မှာတော့ COVID19 အတွက် Host Account တခုကနေ Participant 100 သုံးခွင့်ပေးထားပါတယ်။
အရင်က 3 Participant အထိပဲ ရပါတယ်။free accont ရှိပြီးသားသူတွေက ထပ်ဖွင့်စရာမလိုပဲ 100 participant ရနေပါပြီ။
အရင်က free acc နဲ့ Paid acc က UI မတူပေမယ့် ခု Civid 19 အတွက်ပေးထားတဲ့ free account ကတော့ Trial ပုံစံမျိုးဖြစ်တဲ့ အတွက် UI ရော feature ပါ အတူတူပါပဲ။အခု free account မှာက (H323,SIP)Video System တွေကနေ Join နိုင်ပါတယ်။
Host ကနေ invitation လုပ်တဲ့ အခါ Guest Userတွေရဲ့ Video System တွေက Join ရမယ့် Video Address link ကိုပါ တပါတည်းထည့်ပြီးInvite လုပ်သွားမှာပါ။
Contrl Hub & Device Registration
Video End Point နဲ Cisco IP phone 8845,8800 Series တွေကိုလည်း Portal Hub ကနေ Register လုပ်ခွင့်ပေးထားပါတယ်။Portal Hub ဆိုတာက User & Devices တွေကို Management & Control လုပ်ခွင့်ပေးတဲ့ hub ဖြစ်ပါတယ်။
Control Portal Hub လိုချင်ရင်တော့ Cisco ကို Request လုပ်ဖို့လိုပြီး Cisco က Approve လုပ်ဖို့ အချိန်အနည်းငယ် စောင့်ရပါလိမ့်မယ်။Paid Version လိုတော့ Site URl ရွေးချယ်လို့မရဘဲ Cisco ကချပေးတဲ့ URL (e.g meetingsamer.webex.com/meet/) ကိုသာ သုံးရမှာပါ။
Site URL တွေ တော့ တယောက်နဲ့ တယောက် တူချင်မှ တူပါလိမ့်မယ်။ Meeting Minutes အတွက် Recording feature ကိုသုံးနိုင်ပြီး Space က 1GB ရပါတယ်။အရင်က Network Base recording အစား MP4 အနေနဲ့ Download ဆွဲနိုင်ပြီး WebEx team ရဲ့ Space ထဲကနေလည်း ရယူနိုင်ပါတယ်။Cloud မှာ မသိမ်းချင်ရင် local PC ကို Browse လုပ်ပြီး Save နိုင်ပြီး Host acc ကသာ Recording လုပ်နိုင်ပါတယ်။
Calendar Integration (Paid Version)
Calendar Integration လုပ်ဖို့ဆိုရင်တော့ https://admin.webex.com ကနေ username/password နဲ့ Login ဝင်ပြီး Users> webex name user account (eg.clonneboyy@gmail.com)ကို Clickနှိပ်ပါ
Hybrid Services အောက်က Calendar Services ကို On ပြီး ကိုယ်လိုချင်တဲ့ Calendar Type ကို ရွေးချယ်ပြီး Save ရမှာပါ။
Google Calendar နဲ့ O365 Calendar တို့နဲ့ Integrate လုပ်ခွင့်ပေးထားပြီး O365 mail သုံး
သူတွေအတွက် Calendar ကနေ Meeting ကို Invite လုပ်လို့ရပါတယ်။
MS outlook သုံးသူတွေ ကတော့ အောက်က link ကို dowload ဆွဲပြီး WebEx addon ကို PC မှာ Install လုပ်ပါ။လုပ်ပြီးရင် MS outlook ထဲ WebEx add-on အလိုလို ရောက်သွားပါလိမ့်မယ်။
https://drive.google.com/…/17ZeClpOH9SdihREfgf-n6n2ib…/view…
WebEx အသုံးဝင် Features များ
File transfer
Word,Excel,PowerPoint Data တွေကို Sendပေးတာမျိုးကိုတော့ file transfer လို့ သက်မှတ်ပါတယ်*Video & Song တွေ Share လုပ်တဲ့ feature အမျိုးအစားကိုတော့ Multimedia Sharing လို့ ခေါ်ပြီး Application Sharing လောက်တော့ အသုံးမများပါဘူး။
File Sharing
အသုံးများတဲ့ feature ကတော့ (File Sharing)့ application sharing ဖြစ်ပြီး MS word,excel နဲ့ Presentation တွေကို Video Conference လုပ်နေစဉ်တဖက် Users တွေကို Presentation Share ပြတာမျိုးဖြစ်ပါတယ်။ဒါနေရာမှာ မြင်ရတဲ့ Layout Video နဲ့ Content ရွေးချယ်မှုကလည်းအရေးပါပါတယ်။
▪️ ဒီ Article ကိုဒီလောက်နဲ့ နားပါရစေ။ကိုယ်တိုင်စမ်းသုံးချင်သူတွေ အတွက်တော့ အောက်မှာပေးထားတဲ့ Link တွေကနေ Cisco ရဲ့ WebEx Videos တွေကနေတဆင့် စမ်းလို့ရပါတယ်။
WebEx meeting user guide link
https://help.webex.com/…/Cisco-Webex-Meetings-Video-Tutoria…
*Whiteboard Sharing |Personal Meeting Room | Scheduled Meeting Room ,WebEx desktop app, WebEx Room kits,WebEx Teams, Remote & WebEx Centers တွေ ရဲ့ များစွာသော အကြောင်းကို ထပ်မံရေးသားပေးပါဦးမယ်။
Min Ko | Mo King
🔹မြန်မာပြည်ကြီး COVID-19 ဘေးမှ အမြန်ကင်းဝေးပါစေ 🙏🙏🙏
No comments:
Post a Comment