🍔ကြားနေကြ ပြဿနာများ
IP phone တလုံး ဘယ်လို Boot up လုပ်လဲ? Registering Process ဘယ်လိုလုပ်သွားလဲ ဆိုတာကို အနည်းငယ်ရှင်းပြပေးသွားချင်ပါတယ်။
Key: 🔑
ဒီ အချက်အလက်တွေကို နားလည်ထားရင် IP Phone တလုံးဟာ Registration Process မှာရင် Pending ဖြစ်နေတဲ့အခါ (သို့မဟုတ်) IPPBX Server * (Cisco Call Manager) ကို Communicate မလုပ်နိုင်တဲ့ Case မျိုးမှာ T-Shooting လုပ်ဆောင်ရတာပိုမို လွယ်ကူပါလိမ့်မယ်။ (Cisco မှ မဟုတ်ပါဘူး တခြား IP PBX နဲ့ VoIP Phone တွေကို T-Shoot လိုက်ရာမှာလည်း အသုံးဝင်မှာပါ) ။
OK... IP phone တလုံး Register မဖြစ်တဲ့အခါ ဘာဖြစ်မလဲ?
ဘာမှမဖြစ်ဘူး ။ ဖုန်း ခေါ်လို့မရတာပဲ ရှိမှာ ။ M 🙄 ။ အမှန်က အဲ့တာကိုက ပြဿနာပါ။ ဒါကြောင့်လည်းဒီ article လေး ရေးဖို့ဖြစ်လာတာပါ။ OK စလိုက်ရအောင်ဗျာ။
Let's Get Started:
နံပါတ် 1. ပါဝါ (Power)⚡
Knowledge is power but knowledge won't power your IP Phone. 🙄
First Stage အနေနဲ့ IP phone ကို ပါဝါပေးဖို့ (Power over Ethernet) capable ဖြစ်တဲ့ PoE Switch လိုပါတယ်။ အကယ်၍ PoE capable Switch မရှိဘူးဆ်ိုရင်တော့ External Power Cord သုံးဖို့လိုပါလိမ့်မယ်။ IP Phone နဲ့ PoE Switch ကို Ethernet (RJ 45) Cable သုံးပြီး ချိတ်ပေါ့။
(ဖုန်းအလုံးရေများရင်တော့ Power cord ကိုသုံးတာထက် PoE Switch ကိုပဲ recommend ပေးချင်ပါတယ်။ မဟုတ်ရင် Power Cord တွေရဲ့ Cost က ပိုများနေမှာဖြစ်တဲ့အတွက် *တန်ဖိုးထက် လက်ခကြီး*သွားပါလိမ့်မယ်။)
Note : :Cisco VoIP Phone တွေမှာ On/Off power button မပါပါဘူး။
နံပါတ် 2. Configuring VLAN (Voice VLAN)
ဒီ Phase မှာတော့ (cisco) Network Switch မှာ ကိုယ်သုံးမယ့် Voice Vlan, Data Vlan ကို Configure လုပ်ပေးထားရပါမယ်။ Phone Power တက်လာတာနဲ့ Cisco Switch က CDP (Dilervery Mechanism) ကိုသုံးပြီး IP Phone တွေဆီကို Vlan info: ကိုပို့ပေးပါလိမ့်မယ်။ အကယ်၍ Cisco Switch မဟုတ်လို့
CDP ကို Support မလုပ်ရင်ဖြစ်စေ CDP ကို Support လုပ်ပေမယ့် CDP Query timeout ဖြစ်တာမျိုးဖြစ်စေ IP Phone က network Switch ရဲ့ Voice/Data Vlan ရ်ှိထားတဲ့ Next Step Sequence ကို Move On လုပ်ပြီး Vlan information ကို Search လုပ်သွားပါတယ်။ အဲ့နောက် IP Phone က သူဘယ် correct VLAN ကို သုံးရမယ်ဆိုတာ သိသွားပါလိမ့်မယ် ။
:: ဒီ articleမှာ IP Phone ရဲ့ Boot up Process ကိုသာ အဓိကထားပြောချင်တဲ့အတွက် Vlan Architecture နဲ့ CDP နဲ့ ဆိုင်တဲ့ အသေးစိတ်အကျယ်တဝင့် ရေးမနေတော့ပါဘူး။ သိချင်ရင်တော့ ဂလူး ဂလူး Google ခေါက်ကြည့်ပေါ့ )
3. DHCP Request (Option 150)
ဒီ Phase မှာတော့..IP Phone (client) က DHCP Server ကို Broadcast လွှတ်ပြီးသုံးရမယ့် IP Address ကို Asking လုပ်ပါတယ်။သဘောကတော့ ဘယ် IP Address သုံးရမလဲပေါ့ ? တော်တော် အမေးမြန်းထူနဲ့ကောင်။
<Cisco IP Phone တွေရဲ့ default setting က DHCP ပါ။ Manual ပြောင်းချင်ရင်တော့ Setting ထဲမှာ Change ပေးရမှာပါ>
အဲ့ခါမှာ DHCP Server ဖက်က Offer လုပ်လာတဲ့ Client (IP Phone) ဆီကို IP Address, Subnet, Default Gateway address အပြင် DHCP Option 150 မှာထည့်ထားတဲ့ TFTP Server IP Address ကိုပါ ပြန်ချပေးလိုက်ပါတယ်။အလွယ်နားလည်အောင် ပြောရရင်တော့ TFTP server ဆိုတာ IPPBX (CUCM) ရဲ့ Sever IP list ပါပဲ။
example:
IP > 172.16.10.23
Subnet Mask 255.255.255.0
Gateway> 172.16.10.254
IPPBx IP (TFTP Sever) - 172.16.2.101
Note: Option 150 provides the IP address of a list of TFTP Server.
Summary ပြန်ချုံ ့ရရင်
နံပါတ် 1- Power ရယ်
နံပါတ် 2- Voice Vlan ID ရယ်
နံပါတ် 3- IP Address (Subnet, Gateay , domian.. etc:) & IPPBX Server IP Lists (Option 150) Information ရယ်ရပြီဆိုရင်
Config File from CUCM & Registering
Final Stage အနေနဲ့ TFTP Sever (IPPBX) ကို သိထားတဲ့ IPhone ဟာ Valid ဖြစ်နေတဲ့ (Cisco Call Manager CUCM) ဆီကနေ သူု့အတွက် (Registered) လုပ်ထားတဲ့ Config File ကို Download လုပ်ပါတယ်။
Note: Cisco IP Phoneဟာ Registration အတွက် Primary Server ကို အရင်ဆုံး Attempts လုပ်ပါတယ်။ Primary fail နေရင်တော့ Secondary Server ကို ရှာဖွေပြီး Registration Process ကိုဆက်လုပ်ပါတယ်။
<CiscoIP Phone ကိုတော့ Phone ရဲ့Mac Address ကိုသုံးပြီး CUCM Server မှာ Register လုပ်ပေးထားရပါမယ်>
ဒီအခါမှာ TFTP (CUCM) server က သူ့မှာရှိတဲ့ Config file xConfig.(XML) file ကို IP phone ကို ပြန်ချပေးလိုက်ပါတော့တယ်။အထက်ပါ အချက်တွေ ပြည့်စုံပြီဆ်ိုရင်တော့ Cisco Ip Phone တလုံး Successful registered ဖြစ်ပြီလို့ ပြောနိုင်ပါပြီ။ ပုံပြင်လေးကတော့ ဒါပါပဲ။
နောက်တခုချက်သိထားဖို့က Failover အတွက် CUCM Server Clustering ကိုထည့်စဉ်းစားရမယ်အချက်ဆိုတာပါပဲ။ Clustering ရှိရင် IPPBX Server တလုံး Down သွားရင်တောင် နောက် Sever တလုံးကို Move on လုပ်သွားပြီး Opreation ကို ဆက် run နေစေမှာပါ။ Cisco CUCM မှာ Primary Sever ကို Publisher လို့ခေါ်ပြီး Secondary Sever ကို Subcriber လို့ခေါ်ပါတယ်။( Pub & Sub ကြားမှာတော့ Database ,NTP,DNS တွေ Must be Synced နေဖို့လိုပါတယ်)
Trouble Shooting Tips:
IP Phone Boot Upဘယ်လိုလုပ်လည်းသ်ိပြီဆိုရင် isuue ဖြစ်တဲ့အခါ T-Shooting လိုက်ရတာ အီးဇီး ဂိုးရင်းပါပဲ။ ဆိုပါစို့။
🍔 IP Phone က IP address တော့ရနေမယ် Registering Process မှာ ရပ်နေတယ်ဆိုပါစို့ ဒါဆို Network ဖက်က Config မှာ Fine တယ်လို့ယေဘူယျ ယူဆန်ိုင်တယ်။ဒါဆို CUCM ဖက်မှာ Config ကို Double Check လုပ်ကြည့်ပေါ့။
🍔 Conversely , IP phones က IP address ကိုမကျတာဆ်ိုရင် Missing Switch ? ဖြစ်တာလား
Port Connectivity ? လား DHCP ? လားပေါ့။ ဒါဆို Network ဖက်ကို Double Check လုပ်ပေါ့။ IP phone ရဲ့ Boot up Process ကိုသေချာနားလည်ရုံနဲ့ T-Shooting Scope ကိုတော်တော်လေး (Narrow Down) ချုံ့လိုက်နိုင်ပြီ။
Phone (Hardware) ကိုယ်တိုင်က ပျက်ရင်တော့ Smart Net (Contract) ဝယ်ထားရင် Cisco ကို TAC ဖွင့်ပြီး RMA လုပ်ပေ့ါ။ ကျွန်တော်လည်း မပြင်တတ်ဘူး။ ကျွန်တော်ပြောပြချင်တာက T-shooting Concept ပဲ။ Article ကို အစ အဆုံးဖတ်ပြီးရင်တော့ T-Shooting Concept ကို အနည်းငယ်ရသွားမယ် ဒီလောက်ပါပဲ။
တကယ်တမ်း ကျွန်တော်ရေးနေတဲ့ Boot Up Process အကြောင်းအရာဆိုတာက တကိုယ်တော်ရေးတဲ့ က ကြီး ခ ခွေးပဲရှိပါသေးတယ်။ UC နဲ့ဆိုင်တဲ့ အကြောင်းအရာဆ်ိုတာက ချစ်ခြင်းတရားလိုပဲ လွန်စွာ ကျယ်ပြန့်လှပါတယ်။ ပြန်ဆုံကြတာပေါ့ဗျာ။
Min Ko | Mo King
No comments:
Post a Comment