Thursday, November 17, 2022

အသစ်ကြိုက်သူများ


 

Photo: Google

 

📚 VMware VSphere 6.7 က လာမယ့် October 15 မှာ EOGS (End Of General Support) ဖြစ်ပါမယ်။ လက်ရှိ 6.7 ပေါ်မှာ Run နေတဲ့ UC Servers တွေဖြစ်တဲ့ Version 11.5 CUCM,IMP,UCCX,CUC,Expressway) တွေက VSphere 7 ကို Support မလုပ်ပါဘူး။ ဒါကြောင့် ဒီ အကြောင်းလေးရေးဖို့ ဖြစ်လာပါတယ်။ ဖတ်ရတာ အဆင်ပြေအောင် အမေး ❔ အဖြေ ပုံစံလေး နဲ့ ရေး ✍️ လိုက်ပါတယ်။


📚 CUCM ရဲ့ Latest Version က? 

ဟုတ်။ ခုနောက်ဆုံး Version က CUCM 14 ပါ။ Version 13 ကိုက Research & Development  အတွက် Purely Skipped လုပ်ခဲ့တော့လက်ရှိ On-Premise မှာ Voice အတွက် တော်တော်များများ သုံးနေကြသေးတာက Cisco Unified Communications Manager 11.5, 12.0 နဲ့ 12.5 Version တွေပါ။ 

 

🍾What's new in CUCM 14 ?

Version အသစ်တိုင်းမှာတော့ ပိုကောင်းတဲ့ features အသစ်တွေကတော့ ပါဝင်လာကြစမြဲပါပဲ။  အတော်လေး ပြောစရာတခုက Web Administration View ကို Back-end Process ကနေ Provide လုပ်ပေးနေတဲ့ Tomcat Service ရဲ့ အလုပ်လုပ်ပုံပါပဲ။ XML, AXL, API, Single Sign-On SSO (Jabber), Dial Tone Call Management, VoiceMail စတဲ့ Sevice တွေဟာ TomCat Sevice ကနေ Communicate လုပ်ထားတဲ့ Native Browser တွေကိုစုပြုံသုံးကြရပါတယ်။ 

အဲ့အတွက် အရင်က Tomcat Service Restart တခုလုပ်တိုင်း အတော်စိတ်ရှည်ရပါတယ်။ ဒီ Version14 မှာတော့ existing Tomcat က Containerized ဖြစ်လာပြီး AXL, UDS , SSO engine တခုချင်းစီကို သီးသန့် Isolate လုပ်လိုက်တဲ့ အတွက် Faster Start Up ပိုင်းမှာသိသိသာသာ မြန်လာပြီး Administration နဲ့ Management ပိုင်းမှာပါ performance ပိုကောင်းလာပါတယ်။ 

Containerization ကြောင့် Serviceability to Web Monitor ပိုင်းပါမှာ အရင် Version တွေထက် အများကြီး Improved ဖြစ်လာပါတယ်။ Video Codec ပိုင်းမှာတော့  H.264 ထက်ပိုပြီး Data Compression လုပ်နိုင်တဲ့ AOMedia Video 1 coding format ကိုလည်း Support လုပ်လာတယ်။ နောက်လက်ရှိ On-Premise CUCM Infrastructure ကနေ Webex Cloud (integration)  Hybrid Service အသစ်တွေနဲ့ Natural Extension ဆန်ဆန် ပေါင်းစပ်လာတွေတွေ့ရပါတယ်။


☕လက်ရှိ CUCM 11.5 သုံးနေတုန်းဆို 14 ကို တန်း Upgrade လို့ရလား? 

Version 12.0 ဒါမှဟုတ် 12.5xx ကို အရင် Upgrade ရမယ်။ Cluster သုံးထားရင် အတွဲလိုက်မြှင့်ရပါမယ်။ Publisher ကိုSwitch  ပြီးမှ သာ Subscriber Switch ရမှာပါ။ ဒါက Procedure ပါ ။ဒီလိုမှ မဟုတ်ရင် Database Count Table တွေ လုံးဝကွဲထွက်သွားပြီး Replication ပါ Out Of Sync  ဖြစ်သွားမှာကြောင့်ပါ။နောက် CUCM ပြီးမှ IM & Presence Publisher, Subscriber တွေ Switch ရပါမယ်။ 

Underlay OS ကို မထိဘဲ Service Impact အနည်းဆုံးနဲ့ လုပ်လို့ရန်ိုင်လား?

ဒါက ပြောရမယ်ဆို ဘယ် OS Version ကနေ Upgarde မှာလဲပေါ်မူတည်နေတယ်။ အဲ့ပေါ်မူတည်ပြီး ကျွန်တော်တို့က Upgrade Method လား  ? Migrate Method ကိုသုံးမှာလား ရွေးချယ်ရမယ်။ ပြီးတော့မှ Upgrade Paths ကို ဆက်စဉ်းစားရမယ်။  

Upgrade Method မှာက 

Standard Upgrade 

Direct Refresh Upgrade 

Prime Collaboration Deployment (PCD) ဆိုပြီးရှိတယ်။ 


🎈Standard Upgrade ဆိုတာက?

Major Release တူ 12.5(1)  ကနေ 12.5(1) SU2ကို တက်တဲ့နေရာမ်ျုးမှာပဲ သုံးလို့ရပါတယ်။Duration လည်း နည်းသလို Service Impact လည်း အလွန်နည်းပါတယ်။


🎉Direct RU ဆိုတာက? 

Major-Minor မတူတော့တဲ့ Upgrade လုပ်တော့မယ်ဆို RU ကို သုံးပါတယ်။ 

Example: 11.5(1)  to >12.5(1) Duration အလွန်ကြာသလို Sevice Impact အင်မတန်ရှိပါတယ်။Risk ယူရမယ့် Method ပါ။


🍟PCD ဆိုတာက?

Upgrading, Migration စတဲ့ Operation Tasks တွေအတွက်သုံးတဲ့ Orchestration (OS) Tools လို့ဆိုရပါမှာ။ သူ့ကိုသုံးမယ်ဆို သီးသန့် Deploy ထပ်လုပ်ဖို့လိုပါမယ်။ PCD က Direct RU ထက် အချိန်အများကြီး ပိုကြာပါတယ်။ကျွန်တော်တော့ Direct RU ကို သုံးပါတယ်။


☂️Upgrade Success ဖြစ်ဖို့  အချိန်ဘယ်လောက်ယူလဲ? 

ကျွန်တော်တို့ Install လုပ်လိုက်တဲ့ Upgrade file က Switch မလုပ်မချင်း Inactive Partition နေရာမှာ သွား Keepထားတယ်။အဲ့ဒိအချိန်ရယ် , Version Switch ရယ် Database Synced ဖို့ရယ်အတွက် Estimate Time က CUCM, IMP ,CUC Server တလုံးကို (Issue မတက်ခဲ့ရင်) အနည်းဆုံး ၅ နာရီကနေ ၆ နာရီကကြာပါတယ် (Very Depend on Database Size) ။ UCCX ကတော့  another Story ပေါ့ဗျာ။ UC Servers Fail-over အတွက်ဆို Clusters (HA) ရှိရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် SRST Gateway လိုပါမယ်။ ဒါမှ  Main Sever Down သွားတာနဲ့ Standby Server (သို့) SRST (fall back to CUCM) မှာ ဖုန်းတွေက Register သွားဖြစ်ပြီး Operation ကို ပုံမှန်အတိုင်း ဆက်Run နိုင်စေမှာဖြစ်ပါတယ်။

Inactive Space မှာ Install လုပ်ထားဖို့အတွက်က CUCM Version မြင့်လေ free Space ပိုလိုလေပါပဲ။ CUCM အတွက် At least 26 GB ကနေ 30GB လိုပါတယ်။ အဲ့အတွက် System ထဲက မလိုအပ်တဲ့ Log တွေ ကို Free_Common_Space Readiness COP သုံးပြီး ဖျက်လို့ရပါတယ်။ (In use phones တွေကို မှားပြီးတော့ သွားတော့ မဖျက်လိုက်လေနဲ့) ။ ဒါမှ Space မလောက်သေး ရင် NotIn Use Phone Profile တွေဖျက်ရမှာပါ။ ဒါက Cisco ရဲ့Recommented Way ပါ။ အဲ့လိုမှမရရင်သေးရင် VM level (Vcenter) သုံးပြီး Disk Size ကို VM Profile ကို မြှင့်တာပါပဲ။ ဒါကိုတော့ Second Option (Workaround) အနေနဲ့သာ သုံးပါ။ ** 📝

CUCM ရဲ့ Version တွေတိုင်းမှာ SU1 ,SU2 ကနေ SU6  (Service Unit) တွေအများကြီးရှိတယ်။ XYZ (SU) Format ပုံစံသွားတယ်။ အသေးစိတ်တော့ မရေးနေတော့ပါဘူး။


e.g Version 11.5.1.16900-48sgn.iso

      Version 11.5.1.10000-16sgn.iso


ဒီ Version မှာဆို 11 သည် Major 5 သည် Minor ( 169000) သည် SU6 ဒါကိုကျ Upgrade Path ကို နားလည်နိုင်မယ်။ ဆိုလိုတာက Perior Version 11.5 ကနေ ဘယ် Version ထိ ခုန်လို့ရလဲပေ့ါ။ 

ဆိုပါစို့ Server Crash ဖြစ်သွားလို့ Recovery လုပ်မယ်ဆို Same IOS ကို သုံးတာ အဆင်ပြေဆုံးပဲ။ Upgrade လုပ်ရင်း Issue ဖြစ်ခဲ့ရင် Recovery လုပ်ဖို့တောင် မလွယ်တော့ဘူး။ နောက်တခုက VM Snap Shot ပြန်သုံးရင်ကော မေးစရာရှိတယ်။ Snapshot ရှိရင် Upgrade Complete ဖြစ်မှာမုတ်ဘူး။ Snap Shot နဲ့ Roll Back Action ယူခဲ့ရင်တောင် နောက်တကြိမ် Upgarde ပြန်တင်လို့မရတာ ဖြစ်တတ်တယ်။ လုံးဝ Rebuild ပြန်လုပ်မှရမယ့်အခြေနေရောက်သွားမယ်။ TAC ကလည်း ဒါပဲပြောပါလိမ့်မယ်။ ( ဒါကြောင့် Svr Cloning လုပ်ထားတာ အကောင်းဆုံး Way ပါပဲ။ **) 

 ⛈️Upgrade လုပ်ရင် Server က Damage ဖြစ်သွားနိုင်တော့ Config level Back Up ယူထာုးပီး Version အသစ်မှာ Restore လုပ်မယ်ဆိုရင်ကော?

Version အသစ်မှာဆို Major V , Minor V ,SU နံပတ်တွေ လွဲသွားပြီလေ။ ဒါကြောင့် ခုနပြောတဲ့ Path တွေကို သေချာနားလည်နေဖို့လိုပါတယ်။ နောက်တခုက License Migrate လုပ်ဖို့လိုမယ်။ အရင်က ELM, PLM (PAK) နဲ့ Installation  လုပ်ခဲ့ပေမယ့် Version 12.0 ကနေ စပြီး Smart License ဖြစ်သွားတယ်။ Webex Hub Cloud မှာ ကိုယ်တိုင် Provision လုပ်လို့ရပေမယ့် ။On-Prime အတွက် Smart License Provision ကို Cisco ဖက်က လုပ်ပေးမှရတယ်။ CUCM, IMP ,CUC Sever တွေက Unified တအုပ်စုထဲပေမယ့် UCCX (Contact Center) အုပ်စုက က သီးသန့် License ကွဲသွားတယ်။ နောက် UCCX  Authorize Registration အတွက် TAC က Root Level Access နဲ့ Permission ဖွင့်ပေးမှ Cloud Portal နဲ့ Communicate လုပ်လိမ့်မယ်။ (ကျွန်တော်တော့ CSSM Portal နဲ့ ချိတ်ဆက်ဖို့ https Proxy, Satallite Deploy နည်းတွေအစား Direct Registration နည်းကို သုံးပါတယ်) 

💊CLI လား GUI လား ? 

၂ ခုလုံး အဆင်ပြပါတယ်။ Prefer လုပ်ပါဆိုရင်တော့ CLI (Command Line Interface) ပါ။ နောက်တခုပြောချင်တာ Previor Version 11.5 က Red Hat Base OS ပါ။ V 12.0 က စလို့  Cent OS base ဖြစ်လာပါတယ်။Upgrade မစခင်  UK ရဲ့ နာမည်ကျော် Cisco ရဲ့ Partner TESREX website က VM Guest Operation ကို Cent OS ချိန်းဖို့ Mandatory အနေနဲ့ Prefer လုပ်ပါတယ်။ ကျွန်တော့် အတွေ့ကြုံအရတော့ မလိုပါဘူး။အားလုံးပြီးမှ Guest Operation ကို ပြောင်းလဲ ကိစ္စမရှိပါဘူး။ ဘာလို့ဆို စပြီး Boot ကို ဆွဲတင်တာနဲ့ Cent OS 7 ကို တင်သွားလို့ပါပဲ။

🍲UCOS က Bootable လား Non-Bootable လား? ဘယ်ကနေ Download ရမလဲ?

Upgrade လုပ်ရမယ့် ISO က Non-Bootable ပါ။ Bootable UCOS က UCS Package မှာပဲ ပါလာတာပါ။ Cisco ကနေ Request မလုပ်ချင်ရင် Power ISO နဲ့ Boot ရိုက်ပါ။ Resource ကိုတော့  software.download.com မှာ သွားယူပါ။ Note 📝.* requirement အနေနဲ့ Contract No: လိုပါတယ်။


❤️ ဖြည့်စွက်ပြောချင်တာ ဘာရှိလဲ?

ဒီ Article နဲ့တော့ မသက်ဆိုင်ပေမယ့် ဆရာတာရာမင်းဝေ ကဗျာလေးနဲ့ အဆုံးသတ်ချင်ပါတယ်။

လမိုက်ညတို့ လာတော့မည်

လမင်းကိုပဲ လွမ်းရမလား 

မီးအိမ်ကိုပဲ ထမ်းကြမလား ?

ကျွန်တော်တို့ မီးအိမ်ကို အတူ ထမ်းကြတာပေါ့။ 

ဖတ်ရှူသူအားလုံး ကျေးဇူးတင်ပါတယ်။

 Min Ko | Mo King

 

*Video Tutorials အနေနဲ့ပြောရင်တောင် အနည်းဆုံး အချိန် ၁ နာရီလောက်ကြာပါမယ်။အတော်လေး Scope ကို ချုံ့ ပြီး ရေးပေးထားပါတယ်။ 

 


No comments:

Post a Comment

 ChatGPD by OpenAI ခုတလော အတော်လေး HiT ဖြစ်နေတဲ့ OpenAI ရဲ့ ChatGPD လေး စမ်းသုံးကြည့်ဖြစ်တယ်။အတော်လေးကို မိုက်တယ်။ ChatGPD သုံးဖ်ို့ဆို htt...