Collaboration အနုပညာ
Next level Collaboration
🔜လာမယ့် 2021 Feb 24 မှာ Cisco Certifications Program တွေအားလုံး Updates လုပ်တော့မယ့်အကြောင်း တော်တော်များများ သိကြပြီးသားဖြစ်မှာပါ။
Feb 24 ရောက်ဖို့ကလည်း တဖြည်းဖြည်း နီးလာပြီဆိုတော့ new Cisco Next Level Certifications track ရဲ့ Majior Changes တွေထဲက တခုဖြစ်တဲ့ Next-level Collaboration Certification program အပြောင်းအလဲလေး နဲ့ အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်။
▪️newCCNA,CCNP,CCIE Collaboration Certification program နဲ့ လက်ရှိ Exam တွေနဲ့ ကွာခြားပုံလေးတွေကို အဓိက Share လုပ်ပေးသွားမှာပါ။ Collaboration Track နဲ့ ပတ်သက်ပြီး Knowledge တခုရစေဖို့ ရည်ရွယ်ပါတယ်။
Brand new CCNA (200-301)
▪️Big Changes အနေနဲ့ new CCNA next level exam track မှာ အရင် Original CCNA tracks တွေဖြစ်တဲ့.........
CCNA | Routing & Switching 🚫
CCNA | Wireless 🚫
CCNA | security 🚫
CCNA | Service Provider 🚫
CCNA | Data Center🚫
CCNA | Industry 🚫
CCNA | Collaboration 🚫
CCNA | Cyber Ops 🚫
စတဲ့ Paticular Specialization တွေဟာ (After FEB 24,2020) ရက်နေ့နောက်ပိုင်း ရှိတော့မှာ မဟုတ်ပဲ CCNA exam တခုတည်းအနေနဲ့ အစားထိုးတော့မှာ ဖြစ်ပါတယ်။Wiresless,Routing &Switching ကိုတော့ Professional level (CCNP မှာတော့ CCNP Enterprise) အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ Entry level CCENT Certification ကတော့ Retired ယူလိုက်ပါပြီ။Good Bye CCENT!
▪️Majior Changes ကို လုပ်ရခြင်းရဲ့ main reason ကတော့ individual ဖြစ်နေတဲ့ Routing,Switching,Wireless,Security & IP services & Automation/Programmability စတဲ့ Technologies တွေက်ို Foundation knowledge & Skills တခုတည်းအနေနဲ့ Industry ကို Provide လုပ်ချင်တာလို့ ဆိုပါတယ်။လက်ရှိ Market ရဲ့ Demand အရ Certificates paths တွေကို ရေရှည် Maintain လုပ်နိုင်ဖို့ Up to date ဖြစ်တဲ့ အရွေ့တခုက်ို ခြေလှမ်းတာလိုက်လည်း ဖြစ်နိုင်ပါတယ်။
▪️new CCNA exam ရဲ့ 80%က Networking topics တွေဖြစ်ပြီးကျန်တဲ့ 20%ကPrograming Topic တွေပါဝင်လာမှာဖြစ်ပြီး exam ID ကတော့ 200-301 ပဲ ဖြစ်ပါတယ်။
CCNA not a pre-re
🔹new CCNA မှာ အရင်လိုdifferent exams track တွေကွဲထွက်နေမှာ မဟုတ်တော့ဘဲ CCNA တခုထဲ ဖြစ်သွားတာကတော့ Majority Changes လို့ပြောရမှာဖြစ်ပြီး | နောက်ထပ်ကောင်းတာ တခုကတော့ CCNP Certification Achievement ဖြစ်ဖို့အတွက် CCNA က not a prerequisite မဟုတ်တော့ဘဲ Enterprise level CCNP exam ကို တိုက်ရိုက် Jump နိုင်ပါတယ်။Cheers! that's great. 🥂
CCNA Collaboration <Before 24 Feb>
🚫CCNA Collaboration Current (Old) version Exam Program ကို Knowledge အနေနဲ့ အနည်းငယ်ရှင်းပြချင်ပါတယ်။
🚫လက်ရှိ version CCNA Collaboration မှာ Certified ဖြစ်ဖို့ Implementation Collaboration Device (CICD) 210-060 Voice နဲ့ Implementing Cisco Video Network Devices (CIVND) 210-065 (Voice + Video) ၂ ဘာဘာ ဖြေဆိုရပါတယ်။
🚫(CICD210-060) ကတော့ Voice အပိုင်းကို သီးသန့်ဖြေရတဲ့ exam ဖြစ်ပြီးCUCM,CUC,CME စတဲ့ Collaboration server တွေ နဲ့ Voice bundle UC ISR CME/Gateway/CUBE router တွေရဲ့Configuration, Management တွေနဲ့ T-shooting တွေ ကောင်းစွာ သိထားနိုင်ဖို့လိုပါလိမ့်မယ်။
ကျွန်တော့်ရဲ့အတွေ့အကြုံအရ ပြောရရင် CICD exam ဟာ real world ကို အခြေခံပြီးမေးတဲ့ မေးခွန်းတွေများတဲ့အတွက် UC Devices တွေနဲ့ use to မဖြစ်ရင် ဖြေဆိုဖို့ခက်တဲ့ Exam ထဲမှာပါပါတယ်။ဒီ exam မှာLAB တပုဒ်မှ မပါဘဲ Multiple Choices နဲ့ Drap & Drop ကိိုုသာမေးပါတယ်။multiple choice ဆိုပေမယ့် Unseen တွေများတဲ့အတွက် အနည်းငယ် ခက်ခဲပါတယ်။Passing Score က Variable (750-850 /1000 Approx) ဖြစ်ပါတယ်။
🚫(CIVND 210-065) ကတော့ Video ပိုင်းက်ို focus ထားတဲ့ Exam ဖြစ်ပြီး
Video Concepts Telepresence Endpoint configurations,T-Shooting &Support
Conferencing Concepts တွေကိုဖြေဆိုမှာပါ။🔜ဒီ Version (Old) မှာက Voice +Video=CCNA Collaboration ရမှာဖြစ်တဲ့အတွက် Voice (သို့)(Video ၁ )ဘာသာပဲ ဖြေထားတဲ့သူတွေ အနေနဲ့ ကျန်တဲ့ exam ၁ခုကို deadline ဖြစ်တဲ့ FEB 23 အမှီဖြေဆိုဖို့လိုပါလိမ့်မယ်။
🚫ဒီလက်ရှိ Version မှာပဲ CCNP Collaboration Certify ဖြစ်ဖို့ဆိုရင်တော့ IP telephony & Video (CIPTV1)& (CIPTV2)
T-Shooting (CTCOLLAB)
Collaboration Application (CAPPS) စတဲ့ ၄ ဘာသာက်ို qualified ဖြစ်ရပါမယ်။ FEB23 ပြီးရင်တော့ဒီExam တွေအစား Exam အသစ်ကိုပဲ အစားထိုးတော့မှာပါ။
▪️လက်ရှိမှာ CITV1 (300-070) နဲ့ CITV2 (300-075) ၂ ဘာသာ အောင်ထားတဲ့ သူတွေကတော့ CCNP Collaboration Exam အသစ်ရဲ့ Core Exam Certified Specialist ကိုရပြီးသား ဖြစ်ပါတယ်။
< Summarize လုပ်ရရင် လက်ရှိ Version အဟောင်းမှာ CCNP Collaboration Certified ဖြစ်ဖို့ စုုစုပေါင်း (NA +NP) ၆ ဘာသာ ဖြေဖို့လိုပါတယ်။> 🔜လက်ရ်ှိ ဖြေထားတဲ့ exam တွေကနေ new Exam Program ကို Migrate လုပ်ဖို့ ဘာတွေလိုအပ်လဲ သိချင်ရင်တော့ အောက်က Link မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။
https://www.cisco.com/.../ccnp-collaboration-migration...
Brand new CCNP Collaboration
▪️new Exam track ကိုလေ့လာ ကြည့်ရအောင်..
new exam မှာတော့ CCNP Collaboration Certified ဖြစ်ဖို့ အတွက်.. (CCNA မလိုပါဘူး)
✔️Core exam တခု
🔹Concentration Exam ၄ ခုထဲ ကြိုက်ရာ ၁ တခုကိုသာ ဖြေလိုက်ရုံပါပဲ။
✔️Core (CLCore 300-801)
▪️Collaboration Core exam ကိုဖြေမယ်ဆိုရင် Implementation & Operation Cisco Collaboration Core Technologies exam (300-801) ကို ဖြေရမှာဖြစ်ပြီး..
🔹Concentration
▪️Concentration exam ကိုတော့
1. Implementing Cisco Collaboration Applications (300-810)
2. Implementing Cisco Advanced Call Control & Mobility Service (300-815)
3. Implementing Cisco Collaboration Cloud& Edge Solutions (300-820)
4. Automating Cisco Collaboration Solutions (300-835) ထဲက ၁ခုက်ို ရွေးနိုင်ပါတယ်။
Specialist level Of Collaboration
◾Core Exam နဲ့ Concentration exam ကို ကြိုက်ရာ စာမေးပွဲကို အရင်ဖြေဆိုနိုင်ပါတယ်။
🔹Core exam အောင်ထားရင် CCNP Collaboration Core Specialist certificate ကိုရမှာဖြစ်ပြီး CCNP Certificate ရဖို့အတွက်တော့ expire မဖြစ်ခင် Concentration exam ကို ဖြေဖို့လိုပါတယ်။
🔹Concentration အောင်ထားရင်တော့ ကိုယ်ရွေးချယ်ဖြေဆိုထားတဲ့ ဘာသာရပ်ရဲ့(e.g Automating Cisco Collaboration Solutions) ကိုဖြေထားတယ်ဆို Automation Cisco Collaboration solutions specialist certify အဖြစ်သတ်မှတ်မှာပါ။
new CCIE Collaboration
▪️Changes အနေနဲ့ new CCIE Collaboration track အတွက် လက်ရှိ Collaboration Written (400-051 ) နေရာမှာCCNP Collaboration Core exam ကို Specific track အနေနဲ့ အစားထိုးလိုက်ပါတယ်။CCIE Collaboration ကိုသွားချင်ရင် CCNP core exam ကို အောင်ထားရင် ရပါပြီ။
အရင် CCIE Collaboration lab v2.0 exam မှာတော့
Module1: Troubleshooting
Module2: Diagnostic
Module3: Configuration Module ဆိုပြီး Module ၃ခုရှိပါတယ်။
new Exam မှာတော့ Module:1Design နဲ့
Module2:Deploy,Operate & Optimize ဆိုတဲ့
Module နှစ်ခုပဲ ရှိတော့မယ်လို့ဆိုပါတယ်။
Exam duration က 8 နာရီ ဖြစ်ပြီး၊ Design အတွက် ၃ နာရီ Deploy,Operate and Optimize အတွက် ၅ အချိန် သတ်မှတ်ပေးထားပါတယ်။ new CCIE Collaboration အတွက်တော့ တကယ့်examအတွေ့အကြုံရှိလာမှသာ ထပ်ရေးပေးချင်ပါတယ်။
Recertification
▪️Certification dead line ကတော့ Exam အားလုံးအတွက် Period က 3 years ဖြစ်ပါတယ်။
Job Role of UC
▪️UC trend မှာက Job Roles အနေနဲ့ ရွေးချယ်စရာတွေ များစွာရှိပါတယ်။
✔️Video Administrator
✔️Video Operator/Network Video Engineer
✔️Voice Engineer သို့မဟုတ်
✔️Unified Communications Engineer ပိုင်းတွေထဲကတခုခုကို ကိုယ့်ရဲ့ Carrier တခုအနေနဲ့ ရွေးချယ် လုပ်ကိုင်နိုင်ပါတယ်။
Skills or Certified
▪️Collaboration Devices တွေဖြစ်တဲ့ VoIP Phones တွေ Video System တွေ MCU Sever တွေကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်တဲ့ UC Certified Engineer ဖြစ်ဖို့ဆိုရင်တော့ Collaboration Certification တွေဖြေဆိုထားသင့် ပါတယ်။
▪️Skills က အဓိကကျတယ်ဆိုပေမယ့် Interview/Salary ပိုင်း အတွက်သာမက ကိုယ်ရဲ့Profesional level တခုအတွက် ပါ ဒီ Certification တွေက အထောက်အပံ့ကောင်းတခု ဖြစ်စေမှာလို့ပြောရင်းနဲ့ အဆုံးသတ်ပါရစေ။
Min Ko | Mo King
No comments:
Post a Comment