What is UC? Vs What is Collaboration?
"A small step for man,but a giant for mankind."
လကမ႓ာပေါ်ကို Neil Armstrong ပထမဆုံး ခြေချနိုင်ခဲ့စဉ်က ၊လကမ႓ာပေါ်ကနေ အာကာသကို ဖြတ်ပြီး ကျွန်တော်တို့ ကမ႓ာမြေကြီးရဲ့ Television Screen 600 Million ကျော်မှာ နေရာယူခဲ့တဲ့ Armstrong ပြောခဲ့တဲ့ သမိုင်းဝင် စကားလုံးလေးပါ။Alien Land ကနေ လွှင့်နေတဲ့ Live pictures တွေကို ကိုယ်ရဲ့ ဧည့်ခန်း TV ကနေ တိုက်ရိုက် ကြည့်ရှု နေခွင့်ရခဲ့တဲ့ လူသားတွေ အတွက်တော့ တကယ့်ကို စိတ်ကျေနပ်စရာအတိပါပဲ။
Video ထုတ်လွှင့်မှု အပိုင်းက ကြညိ့ရင် Develop ဖြစ်လွန်းပြီး Technology အနေနဲ့ ကြည့်ရင်တော့ ဒါဟာ တကယ့်ကို milestone တခုပါ။
ယနေ့ကမ႓ာမှာ ဆက်သွယ်ရေးဟာ အရေးအပါဆုံး အခန်းကဏ္ဏကနေ ပါဝင်လာပါတယ်။ယခင်က တစ်နေရာက တစ်နေရာ communicate လုပ်ဖို့အတွက် Post Office(စာတိုက်),Telegraph(ကြေးနန်း)စတာ တွေနဲ့ ဆက်သွယ်ခဲ့ကြပါတယ်။
Telegraph communications ကတော့ ယနေ့ ကျွန်တော်တို့ သုံးနေတဲ့ telephones,internet & Mobile Phones တို့ရဲ့ first major technology တစ်ခုလို့ဆိုရမှာပါ။
Telegraph Technology develop ဖြစ်လာတာ နဲ့ အတူ Voice communications & telephony တွေ ပါ တိုးတက်လာပြီး Business လုပ်ငန်းတွေ အတွက်ကိုယ်ပ်ိုင် Exchanges တွေ PABX တွေ Setup လုပ်ပြီး တွင်တွင်ကျယ်ကျယ် သုံးလာကြရာကနေတဆင့် IP network တွေ Internet တွေဟာ Develop ဖြစ်လာပြီး Email,VoIP( Voice Over IP)Technology ဟာ Business တွေအတွက် အလွန် အရေးပါလာပါတယ်။
Information Technology(IT) လို့ခေါ်ဆိုခဲ့ကြရာကနေ ICT (Information & Communications Technology) လို့ ပြောင်းလဲ ခေါ်ဆိုလာတာကို ကြည့်ရင် Communications ဟာ personal(P2B) အတွက်သာမက Business 2 Business (B2B) ပိုင်းအတွက်ပါ ဒီဘက်ခေတ်မှာ ဘယ်လောက် အရေးပါလာသလဲ ဆိုတာ မေးစရာ မလိုလောက်အောင်ကို သိသာထင်ရှား လွန်းနေပါပြီ။
Technical evolution တွေ Revolutions တွေ တခုပြီးတခု ကျော်ဖြတ်လာခဲ့ပြီးး ဆယ်စုနှစ်တွေ ကျော်လာချိန်မှာတော့ Two way Video Communications Techno တွေက ပါ Involved ဖြစ်လာပြီး Video,Audio Streaming တွေဟာ Network ပေါ်ကနေ တဆင့် Smart phones, Laptops & Tablets အစရှိတဲ့ Mobility တွေအဖြစ်နဲ့ ပါ ရောက်ရှိလာပါတယ်။
Modern Workplace,Smart Work place စကားလုံးတွေ တွင်တွင်ကျယ်ကျယ်သုံးလာတဲ့ Digital Transformations ခေတ်မှာတော့ Video Conferencing လို့ ပြောရင် သိပ်စိမ်းမယ် မထင်ပါဘူးး။တကယ်တမ်း ကျွန်တော် ပြောချင်တာက Collaboration ပါ။Video Conferencing ဆိုတာထက် ပိုပါတယ်။Video Conferencing ဆိုတာက Collaboration ရဲ့ အစိတ်အပိုင်းတစ်ခု ပါပဲ။
Collaboration လို့ ဆိုလိုက်ရင်တော့ သိတဲ့သူ တွေ သိကြမှာဖြစ်သလို အနည်းငယ် စိမ်းနေတဲ့ သူတွေ၊ လုံးလုံးလျားလျားက်ို မသိသေး တဲ့ သူတွေ လည်းး ရှိ ကြပါလိမ့်မယ်။
ကျွန်တော်တို့ နိုင်ငံ အနေနဲ့ အရင်က အနည်းငယ် အလှမ်းဝေးနေခဲ့ပေမယ့် ခုချိန်မှာတော့ -
Banks,
Telecom,
international schools
Hospitals
တို့လို Business,Educations & health Care တွေမှာ တော်တော် များများ သုံးလာကြပြီ ဖြစ်လို့ Collaboration ဘာလဲဆိုတာ သ်ိစေချင်လို့ knowledge အနေနဲ့ Sharing လုုပ် ပေးတာပါ။
ဟုတ်ကဲ့...
ကျွန်တော် Collaboration နဲ့ အနည်းငယ် မိတ်ဆက်ပေးပါရစေ။
"let me introduce you to Collaboration"
***********************************
Collaboration ဆိုတာ ဘယ်လို Technology တခု ဖြစ်တယ်၊
ဘယ်လို Components တွေ ဘယ် Protocols တွေ နဲ့ အလုပ်လုပ်တယ်၊
Collaboration မှာ ဘယ်လို Components တွေ ပါဝင်တယ်
ကျွန်တော် ကိုင်တွယ်ဖူးတဲ့ Powerful Telepresence တွေရဲ့ Functionality တွေ
Web Conferencing, တွေ Webinars တွေဆ်ိုတာတွေက ဘာတွေလဲ ဆိုတာကို ကျွန်တော် ဖြည်းဖြည်းချင်း ရှင်းပြသွားပါရစေ။
*******************************
နောက်ပိုင်းမှာတော့ - Most Popular Terms of Collab တွေဖြစ်တဲ့
Eco system of Unified Communications
Collab Certification tracks
Collaboration Porfolio(Endpoint Matrix & Telepresences,Room kit & Immersive Series) & Eol devices
Collaboration Architectures
Collaboration On Premises,Cloud & Hybrid Technologies
Business Editions(6000,7000)
Cisco Call Manager (CUCM) & Clustering HA,Cisco Unity Connection,Voice Gateway
TRc6,Touch 10
Cisco ရဲ့ UC app Soft client တွေဖြစ်တဲ့ Cisco Jabber(formerly Movi)
Window for Jabber
Iphone for Jabber
Andriod for Jabber
Instant Messaging & Presence
Cisco ရဲ့Cloud Service (UC& CSaaS) တခုဖြစ်တဲ့ WebEx ရဲ့ Meeting Center,Support Center,Training Center & Event Center တွေရဲ့ Different features & usage အပိုင်းတွေ
(Ad-hoc Meeting, Schedule Meeting ) Virtual Meetig Rooms
WebEx Team (Formly Spark) ရဲ့ new features
Cisco Meeting Sever (CMS) (formly Acano)
MCU VC Sever,Cisco Meeting App။
Voice Telephony Next Gen Phones တွေဖြစ်တဲ့ Voip Phones 3900 (Basic SIP Phones) ,8000 Series (High End Sip phones) တွေကိုပါ အချိန်ရရင်ရသလို ကျွန်တော်သိသလောက် Knowledge Sharing အနေနဲ့ ရေးပေးပါ့မယ်
*********************************
Ok,Collaboration ကို ပြန်သွားရအောင်။
Collaboration အကြောင်း ပြောပြီဆို မဖြစ်မနေထည့်ပြောရမှာက Unified Communications ပါ။Ok ဒါဆို
1- What is Collaboration? Vs
2- What is Unified Communications? ပေါ့
1- Collaboration ကို Technical Term အနေနဲ့ UC & C လို့ခေါ်ပါတယ်။( Unified Communications & Collaboration )လ်ို့ ဆိုလိုတာပါ။
နောက်တနည်း အနေနဲ့
Unified Communications (UC)လို့ခေါ်ပါတယ်။ UC လို့ ခေါ်ကြပေမယ့် Collaboration နဲ့ UC က မသိမသာလေး အနည်းငယ် ကွဲပြားနေပြန်ပါတယ်။တကယ်တော့ UC ဆိုတာ Collab ရဲ့ Business Term (Marketing Term) တစ်ခု ဆိုလ ည်း မမှားပါဘူး။
R U Complex? ဆက်ရှင်းပါ့မယ်။
UC လို့ Marketing Term တခု အနေနဲ့ ခေါ်တာလည်း သိပြီ။ ဟုတ်ပါပြီ။ ဒါဆို Collaboration က ရော ဘာကြီးလဲ ၊ UC လို့လည်း ခေါ်သေးတယ် ၊ ဘာတွေ ကွဲပြားပြန်တာလဲ မေးစရာရှိလာပါပြီ။
***********************************
Collaboration ရဲ့ Definitions တွေ ကို လေ့လာကြည့်ပါ။
Wiki နဲ့ Oxford Dictionary မှာတော့ ဒီလိုဆိုပါတယ်။
Definitions of Collaboration
Wiki - Collaboration is the process of two or more people or organizations working together to complete a task or achieve a goal.
Oxford - The act of working with another person or group of people to create or produce something.
*******************************
မိမိ ကြိုက်ရာ Search engine မှာ Collaboration လို့ ရိုက်ထည့်လိုက်ပါ။ နောက်ထပ် Definitions ပေါင်း 82 millions ကျလာပါလိမ့်မယ်။အဲ့တော့ ရေးနေရင် ပြီးမှာ မဟုတ်တော့ဘူး။စိတ်ဝင်စားရင် online မှာ ရှာဖတ်နိုင်ပါတယ်။
Cisco ရဲ့ Blog မှာကို အတိအကျ ရေးထားပါတာပါ။ခင်ဗျား အနေနဲ့ Collaboration ဘာလဲ ဆိုတာ လူ အယောက် ၂၀ ကို မေးရင် အဓိပ္ပါယ် အမျိုး ၂၀ ထွက်ပါလိ်မ့်မယ်တဲ့ ။ကဲ ရှင်းရောဗျာ။ ဘယ်လ်ိုတွေ ပြောကြပါစေ။
ကျွန်တော် အကြိုက်ဆုံး Definitions တခုကတော့ ရှိပါတယ်။
Collaboration is the key to success. ဆိုတာပါပဲ။စကားလုံးက ရိုးရှင်းသလောက် အဓိပ္ပါယ်ရှိလှပါတယ်။
ဒီ Definitions လေး နဲ့ ရှင်း ရရင် -
"Collaboration ဆိုတာ Business Goal အတွက် မရှိမဖြစ် လိုအပ်တဲ့
Object တွေ၊
Altitude ကောင်း တွေ ၊
တိကျ မှန်ကန်တဲ့ Decision ကောင်းတွေ ၊ ideas အသစ်တွေ
ကို ချမှတ်နိုင်ဖို့ Team တစ်ခု နဲ့တစ်ခု ၊ Organization တစ်ခု နဲ့ တစ်ခ၊ု
Business တစ်ခု နဲ့ တစ်ခု တို့ အတူတကွဆွေးနွေး တိုင်ပင်ကြရတဲ့ အဖွဲ့အစည်း နဲ့ ဆိုင်တဲ့ Meeting တွေ ၊Discussion တွေ Conferences တွေ ,Finances ပိုင်း တွေ အစရှိသည်ဖြင့်၊ စတဲ့ Business 2 Business Communications,Conferences တွေ လုပ်ခြင်းကို ဆိုလို ခြင်းဖြစ်ပါတယ်။
Collaboration လုပ်ခြင်း ဖြင့်သာ Business ရဲ့ ပန်းတိုင် ၊ အောင်မြင်မှု Teamwork, Achievement & Roadmap တွေကို ဖော်ဆောင် နိုင်မှာပါ။
ဒါဟာ ကျွန်တော် နားလည်တဲ့ Collaboration ရဲ့ အဓိပ္ပါယ်ပါပဲ။"
***********************************
ဒါဆို
2-What is Unified Communications?
အရိုးရှင်းဆုံး နဲ့ အတိုးချုံး ရှင်းပြရရင်
ယနေ့ခေတ်လို Business Goals တွေကို အရောက် သွားဖို့ ၊ Valuable Decision တွ အမြန်ဆုံး ချနိုင်ဖို့ အချိန်လုပြီး Compitators တွေ နဲ့ အပြိုင်ကျဲ လာရတဲ့ ခေတ်မှာတော့ ကိုယ်တိုင်ကိုကျ အစည်းဝေးအခန်းထဲ အရောက်သွား ရတဲ့ traditional communication structure နဲ့ Teamwork က Business ရဲ့ Acheivement ကို အလျင်အမြန် မဖော်ဆောင်နိုင်တော့ပါဘူး။
ဒါဆို Business ကို အလျင်အမြန် ဘယ်လို Communicate လုပ်ကြမှာလဲ ? Collaborate လုပ်ကြမှာလဲ??
အဖြေက ရှင်းပါတယ်။
Traditional Communications Structure က နေဖောက်ထွက်ပြီး Modern Workplace ကို သွားဖို့ ဆိုရင်တော့ ဒီနေရာမှာ ကျိန်းသေးပေါက် communication services (Technology )တစ်ခုလို လာပါပြီ။ ဒါဟာ Unified Communications ပါပဲ ။
Unified Communications (UC) လို့ဆိုတဲ့ communication services နည်းပညာ ကို သုံးပြီး Collaboration ( Business Success) ကိုဖော်ဆောင်တယ်လို့ ဆိုလိုချင်တာပါ။
Collaborate from Anywhere,Any Device ပေါ့ဗျာ။
နည်းပညာ တွေဟာ လူသားတွေရဲ့ လိုအပ်ချက်ကြောင့် ထွက်ပေါ်လာရစမြဲ ဆိုတဲ့ အတိုင်းး
Unified Communications ဟာ Collaboration အတွက် ပေါ်ပေါက်လာရတဲ့ Technology လို့ပဲ ဆိုရမှာပါ။
ဒီလောက်ဆို Collaboration နဲ့ ပတ်သက်လို့ ခေါ်ဝေါ်တဲ့ Terms တွေ ၊ UC & Collaboration က ဘာတွေ ခြားနားတယ် ဆိုတဲ့ Knowledge အနည်းငယ် ရလောက်မယ် ထင်ပါတယ် ။
Creation ,Innovatoin
Revolution, That's Collaboration.
Min Ko | Mo King
No comments:
Post a Comment